Thursday, April 25, 2024

“ဖာပွန်က ခမရ (၄၃၄) ကို KNLA သိမ်းပိုက်... မြင်းခြံက ကုက္ကဲ ရဲစခန်းကို PL...


“ဖာပွန်က ခမရ (၄၃၄) ကို KNLA သိမ်းပိုက်... မြင်းခြံက ကုက္ကဲ ရဲစခန်းကို PLA ဝင်တိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၆- ၄- ၂၀၂၄)

ကရင်ပြည်နယ်၊ ဖာပွန်အခြေစိုက် ခမရ (၄၃၄) တပ်ရင်းကို (KNLA) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက မနေ့က တရက်တည်းနဲ့ အပြီး သိမ်းပိုက်လိုက်ပြီလို့ KNLA- တပ်မဟာ ၅ နဲ့ မဟာမိတ်တွေက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၅ ၊ မနက် ၄ နာရီမှာ ထိုးစစ်စတင်ပြီး နာရီပိုင်းအတွင်းမှာတင် စခန်းတခုလုံးကို သိမ်းနိုင်ခဲ့တယ်၊ လက်နက်ကြီး- လက်နက်ငယ်များစွာသိမ်းမိတယ်။ လောလောဆယ် ရေတွက်နေဆဲဖြစ်တယ်လု့ိ ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ KNLA/နဲ့ KNDO၊ ပြည့်သူ့ကာကွယ်ရေးတပ်-PDF နဲ့ ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော်-BPLA တို့ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့သီတင်းပတ်တွေအတွင်း ဖာပွန်ရှိ ခလရ (၁၉)၊ ခမရ (၄၃၄)၊ စစန (၆၄၂) တပ်ရင်း ၃ ခုကိုတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ပြီးနောက် အခု ၄ ခုမြောက်တပ်ရင်းကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- မွန်ပြည်နယ်၊ ရေးမြိုနယ်၊ ခေါဇာမြိုနယ်ခွဲအတွင်းမှာ စစ်မှုထမ်းဥပဒေအတွက် တပ်သားစုဆောင်းနေပေးနေသူ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်ခေါင်းဆောင်ထံက လက်နက်ခဲယမ်းတွေကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သိမ်းဆည်း...

- မြင်းခြံမြို့နယ် ၊ ကုက္ကဲ ရဲစခန်းအတွင်း အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ်တလက် သိမ်းမိ...

- ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ PDF တပ်ဖွဲ့က သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲ ကျင်းပ...

- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂)ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီ ဂျက်ဖိုက်တာက မနေ့ည ၈ နာရီမှာ ဗုံးကြဲတဲ့အတွက် ဆေးကုသမှုခံယူနေရသူ လူနာ ၂ ဦးသေဆုံးပြီး အချို့ဒဏ်ရာရ... 

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

TSN One Final 025 A “နွေဦးတော်လှန်ရေးတခုလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မြဝတီ...


“နွေဦးတော်လှန်ရေးတခုလုံးနဲ့ ခြုံကြည့်မယ်ဆိုရင် မြဝတီက ဇီးရွက်လောက်ပဲ ရှိတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၅-၄-၂၀၂၄)

“ကရင်အဖွဲ့တွေကြား ရပ်တည်ချက် မပြတ်သားတဲ့အတွက် မြဝတီတိုက်ပွဲမှာ ရှုပ်ထွေးမှုအချို့ရှိခဲ့ပေမယ့် တနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးအရှိန်အဟုန်နဲ့ နိုှင်းယှဉ်ရင် ဒါဟာ ဇီးရွက်လောက်ပဲရှိတဲ့ ပြသာသနာတခုသာဖြစ်တယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့စဉ်းစားပြီး စစ်ကောင်စီပြိုနေစဉ်မှာ တော်လှန်ရေးကို အရှိန်မြှင့်ဖို့လိုတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြဝတီရှိ ခလရ (၂၇၅)ကို သိမ်းပိုက်ပြီးမှ တော်လှန်ရေးတပ်တွေဖက်က ပြန်ဆုတ်ပေးလိုက်ရတဲ့အပေါ် အများပြည်သူကြားမှာ ထင်မြင်ချက်အမျိုးမျိုးပြောဆိုနေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မြဝတီတိုက်ပွဲ ဘာကြောင့် အရှုပ်အထွေးများနေသလဲ...

- မြဝတီမြို့ကို ထိန်းချုပ်နိုင်ရေးက ဘာကြောင့်အရေးပါနေသလဲ...

- မြဝတီအပြင် တနိုင်ငံလုံးရဲ့ တော်လှန်ရေးအရှိန်အဟုန်က ဘယ်လိုရှိသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီအတွင်း သဘောထားကွဲမှုတွေ၊ အဖမ်းအဆီးတွေရှိနေတယ်ဆိုတာ ကတယ်လား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, April 24, 2024

မြဝတီအခြေအနေနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီ ရှင်းလင်း...


မြဝတီအခြေအနေနဲ့ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီ ရှင်းလင်း... (၂၄- ၄- ၂၀၂၄) ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်မြို့မှာ အခုရက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက မီဒီယာတွေကို အသံဖွိုင်နဲ့ ရှင်းလင်းပြထားပါတယ်။ ဒါ့အပြင် ခလရ ၂၇၅ တခုကိုသာ ခွာလိုက်တာဖြစ်ပြီး သင်္ကန်းညီနောင်က ဗျုဟာကုန်းနဲ့ တပ်ရင်း ၃ ခုအပါဝင် ဗျုဟာအရအရေးပါတဲ့ နေရာတွေအားလုံမှာ တော်လှန်ရေးတပ်တွေရှိနပါတယ်။ လူထုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ BNN ကို ပြောထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

“ဖားကန့်က ဆယ်ဇင်းစခန်းကို KIA သိမ်းပိုက်... မြင်းခြံက ပျု စခန်းကို PDF ...



“ဖားကန့်က ဆယ်ဇင်းစခန်းကို KIA သိမ်းပိုက်...  မြင်းခြံက ပျု စခန်းကို PDF သိမ်းပိုက် ...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၅- ၄- ၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့ယ်၊ ဆယ်ဇင်းကျေးရွာရှိ ခ.မ.ရ (၁၁၆) တပ်စခန်းကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ဧပြီ ၂၃ ညမှာ သိမ်းပိုက်လိုက်ပြီလို့ KNG Kachin News Group က ဖေါ်ပြပါတယ်။

ဧပြီ ၂၀ မှာ စတင်ထိုးစစ်ဆင်ပြီး ၄ ရက်အကြာ ဧပြီ ၂၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီ အင်အား ၈၀ ခန့်ဟာ စခန်းစွန့်ထွက်ပြေးသွားတဲ့အတွက် KIA က နယ်မြေရှင်းလင်းရေးလုပ်နေပြီလို့ ဆိုပါတယ်။

ဒါ့အပြင်...

- တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ခလရ ၂၇၅ တပ်ရင်းနေရာကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာလိုက်ခြင်းဟာ စစ်ကောင်စီရဲ့ထောင်ချောက်ထဲ မကျရောက်စေရေးအတွက် ဖြစ်တယ်လို့ KNU ကရင့်အမျိုးသားအစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြား...

- ထားဝယ်ခရိုင်၊ မေတ္တာမြိုနယ် ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေး ဂိတ်အနီးရှိ မောထာ-စစ်ကောင်စီတပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်က သိမ်းပိုက်...

- မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်ကောင်စီနဲ့ ပျုစောထီးပူးတွဲစခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၁၅ ဦးသေ၊ ၅ ဦး ဖမ်းမိ၊ လက်နက်အချို့ရရှိ...

- ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခြင်း၊ နှစ် (၆၀) ပြည့်အခမ်းအနားကို ဧပြီလ (၂၄) က  ရှမ်းပြည်တိုးတက်ရေးပါတီ -ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟို ဌာနချုပ်မှာ ကျင်းပပြီး အာရက္ခတပ်တော် (AA) ဒုစစ်ဦးစီးချုပ် တက်ရောက်တာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, April 23, 2024

“မြဝတီက ခလရ ၂၇၅ မှာ စစ်ကောင်စီအလံ ပြန်တင်ဟုဆို... သံတွဲမြို့နယ်မှာ တိုက်...


“မြဝတီက ခလရ ၂၇၅ မှာ စစ်ကောင်စီအလံ ပြန်တင်ဟုဆို... သံတွဲမြို့နယ်မှာ တိုက်ပွဲဖြစ်...
နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၄- ၄- ၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မနေ့က တိုက်ပွဲငြိမ်သွားတဲ့အပြင် KNLA, PDF တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ထားတဲ့ ခလရ ၂၇၅ မှာတောင် စစ်ကောင်စီအလံ ပြန်တင်လိုက်ပြီဆိုပြီး နယ်စပ်သတင်းတွေက ဖေါ်ပြပါတယ်။

ထိုင်းသတင်းဌာန The Reporters ရဲ့ဖေါ်ပြချက်အရဆိုရင် စစ်ပွဲတွေအမြန်ရပ်ပြီး မြဝတီကို လုံခြုံ စိတ်ချရတဲ့ စီးပွားရေးဇုန်အဖြစ်ထားဖို့ KNA/BGF ခေါင်းဆောင် ဗိုလ်ချစ်သူက စစ်ကောင်စီနဲ့ ညှိနှိုင်းခဲ့တယ်လို့ဆိုပါတယ်။

ဒီညှိနိုင်းမှုရဲ့ အကျိုးဆက်အဖြစ် KNA/BGF အဖွဲ့က လုံခြုံရေးတာဝန်ယူပြီး စစ်ကောင်စီ စစ်သားတွေက ခလရ ၂၇၅ မှာ စစ်ကောင်စီအလံပြန်တင်လိုက်တာလို့ ဖေါ်ပြပါတယ်။ 

ဒါပေမယ့် KNU ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ကရင်အချင်းချင်း အကွဲအပြဲမဖြစ်ချင်ဘူး။ လောလောဆယ်မှာ ကော့ကရိတ်ဖက်ကနေ မြဝတီဖက် တက်လာဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ စစ်ကြောင်း တားဆီးနိုင်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ ပြောဆိုကြောင်း The Reporters က ဖေါ်ပြထားပါတယ်။

ဒါ့အပြင်....

- ထားဝယ်မြိုနယ်၊ မေတ္တာမြိုနယ်ခွဲအနီးအရှိ ကျောက်မဲတောင်ရဲစခန်းဝန်းကျင်မှာ KNLA, PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်ပြီး လေယာဉ်က ချပေးပစ္စည်းအချို့ တော်လှန်ရေးတပ်တွေဖက်က သိမ်းမိ...

-  ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့-သိမ်းတိုက်ပွဲကို အရှိန်မြှင့်မယ်လို့ ‘ချင်းညီနောင်’အဖွဲ့က ကြေညာ...

- ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူသုံးတဲ့အတွက် ဒေသခံရွာသားတွေ ထွက်ပြေးနေရ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, April 22, 2024

“စစ်ကောင်င်စီ စစ်ကြောင်းကို KNLA က ကြားဖြတ်တိုက်... သံချပ်ကာယာဉ်နဲ့ လက်န...


“စစ်ကောင်င်စီ စစ်ကြောင်းကို KNLA က ကြားဖြတ်တိုက်... သံချပ်ကာယာဉ်နဲ့ လက်နက်ခဲယမ်းများစွာသိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၃- ၄ -၂၀၂၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူလာဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KNLA ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက် ၆ ဦးသေဆုံး၊ သံချပ်ကာယာဉ်နဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆီးရမိတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၁ ရက်မှာ အခုလို တိုက်ခိုက်တာဖြစ်ပြီး ဗိုလ်ကြီး (၁) ဦးနဲ့ ဗိုလ်လေး (၁) ဦး အပါအဝင် (၆) ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဉ် (၁) စီး၊ စက်သေနပ်တပ်ဆင်ထားတဲ့ စစ်သုံးယာဉ် (၂) စီး၊ ပွိုင့်ဖွိုက် (၁) လက် အပါအဝင် လက်နက်ငယ် (၁၁) လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ ဧပြီ ၂၀ ရက်နေ့ မြဝတီမြို့ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) တိုက်ပွဲမှာလည်း ခလရ ၂၇၅ ကနေ ထွက်ပြေးလာပြီး တံတားအောက်မှာ ပုန်းအောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ၃၀ ခန့်သေဆုံးပြီး တပ်မ(၄၄) တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀)ကျော် ဒဏ်ရာရတယ်လို့ ဖေါ်ပြပါတယ်။

စစ်ကောင်စီဟာ မြဝတီမြို့အား ပြန်လည်ရရှိရေးအတွက် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို ဖေါ်ဆောင်နေပြီး လူအင်အား၊ လက်နက်အင်အား အပြည့်အစုံနဲ့ ထိုးစစ်ဆင်နေတယ်။ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူ နေ့ညမပြတ် ဗုံးကြဲနေပါတယ်။

စစ်ရေးအရ ရှုံးနှိမ့်နေတဲ့ စစ်ကောင်စီဟာ  လက်နက်ကြီးနဲ့ လေယာဉ်ကိုအားကိုးပြီး လူထုကိုပစ်မှတ်ထားကာ ကျေးရွာတွေကို တမင်ပစ်ခတ်နေတယ်။ လူထု ထိခိုက်မှုရှိလာနေတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်....

- မြဝတီမှာ တိုက်ပွဲငြိမ်လို့ မဲဆောက်စစ်ရှောင်စခန်းကနေ အိမ်ပြန်ဖို့ပြင်သူတွေ မနေ့က ဗုံးကြဲတဲ့အတွက် အိမ်မပြန်နိုင်ဖြစ်နေဆဲ....

- ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မိုးမောက်ဖက်မှာ တိုက်ပွဲဖြစ်၊ ဖားကန်း ဆယ်ဇင်းဖက်မှာလည်း တိုက်ပွဲပြင်ထန်နေတယ်လို့ KIA ပြောခွင့်ရက BNN ပြောကြား....

-  စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၂၀ ခန့်သေဆုံးပြီး ၆၀ မမအပါဝင် လက်နက်ခဲယမ်းတွေ သိမ်းမိ...

- မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်ရှိ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးမှာ ဧပြီ ၂၁ က တိုက်ပွဲပြင်းထန်၊ စစ်ကောင်စိလေတပ်က ဘုန်ကြီးကျောင်းတွေကို ဗုံးကြဲ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More